ထိုင်ဝမ်နိုင်ငံ ပင်လယ်ပြင်အဝေး ငါးဖမ်းသင်္ဘောများ၏ နိုင်ငံခြားတွင် အလုပ်ခန့်ထားသော နိုင်ငံခြားသား သင်္ဘောသားများအတွက် ကာကွယ်မှု
Post Update by တည်းဖြတ်ပါ။ on 2021-10-07 11:33:05
I. “နိုင်ငံခြားသား သင်္ဘောသားများအတွက် နိုင်ငံခြားတွင် အလုပ်ခန့်ခြင်း လုပ်ပိုင်ခွင့် နှင့် စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ” သည် 2017 ဇန်နဝါရီလ 20 ရက်နေ့တွင် အကျုံးဝင်လာခဲ့သည်။ ၎င်းတွင်ပါရှိသည့် နိုင်ငံခြားသား သင်္ဘောသားများ၏ အခွင့်အရေးကို ကာကွယ်ပေးသည့် သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အောက်တွင်ဖော်ပြထားပါသည်-
1. နိုင်ငံခြားသား သင်္ဘောသားတစ်ဦး၏ လစဉ် လုပ်အားခသည် အမေရိကန်ဒေါ်လာ 450 ထက် မနည်းစေရ။
2. ပင်လယ်ပြင်အဝေး ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူက နိုင်ငံခြားသား သင်္ဘောသားအတွက် မတော်တဆထိခိုက်မှု၊ ဆေးကုသမှု နှင့် အသက်အာမခံတို့အတွက် အာမခံထားရှိပေးရမည်ဖြစ်ပြီး အသက်အာမခံထားပေးသည့် ငွေကြေးပမာဏသည် ထိုင်ဝမ်ဒေါ်လာအသစ် တစ်သန်း သို့မဟုတ် ယင်းနှင့် ညီမျှသော နိုင်ငံခြားငွေပမာဏထက် မနည်းစေရ။
3. နိုင်ငံခြားသား သင်္ဘောသားသည် တစ်နေ့လျှင် နားချိန်သည် ဆယ်နာရီထက် မနည်းစေရ၊ တစ်လလျှင် အလုပ်နားရက် လေးရက်ထက် မနည်းစေရ။ အစားပြန်ပေးသော ခွင့်ရက်(များ)ကိုမူ ငါးဖမ်းလုပ်ငန်း လည်ပတ်လုပ်ဆောင်မှု၏ အလုပ်သဘောကြောင့် အလုပ်ရှင်နှင့် ဝန်ထမ်းအကြား ချုပ်ဆိုထားသော စာချုပ်ပါအတိုင်း စီမံဆောင်ရွက်နိုင်သည်။
4. ဥပေဒ သို့မဟုတ် စည်းမျဉ်းစည်းကမ်းများဖြင့် သတ်မှတ်ထာခြင်း သို့မဟုတ် အလုပ်ရှင်နှင့် ဝန်ထမ်းအကြား အခြားသဘောတူစာချုပ်အတိုင်း လုပ်ဆောင်ရသည်မှလွဲ၍ ပင်လယ်ပြင်အဝေး ငါးဖမ်းလုပ်ငန်း လည်ပတ်လုပ်ဆောင်သူက လစာအပြည့်အဝကို နိုင်ငံခြားသား သင်္ဘောသားအား တိုက်ရိုက်ပေးစေရမည်။
5. သင်္ဘောပေါ်တွင် နိုင်ငံခြားသား သင်္ဘောသားသည် ၎င်းနှင့် အလုပ်တာဝန်တူသော အခြားသူများနည်းတူ အကျိုးခံစားခွင့်များနှင့် အလုပ်သမားကာကွယ်ရေး ခံစားခွင့်များကို ရရှိစေရန် သေချာစေရမည်။
6. ပင်လယ်ပြင်အဝေး ငါးဖမ်းလုပ်ငန်း လည်ပတ်လုပ်ဆောင်သူက ခန့်အပ်ထားသော နိုင်ငံခြားသား သင်္ဘောသားအား အခြားငါးဖမ်းသင်္ဘော(များ) သို့မဟုတ် အဆောက်အဦးနေရာများတွင် အလုပ်မလုပ်စေရန်၊ သို့မဟုတ် ငါးဖမ်းလုပ်ငန်းနှင့် မပတ်သက်သော အခြားအလုပ်များတွင် လုပ်ဆောင်စေခြင်း မပြုလုပ်ရန် သေချာစေရမည်။
7. အကယ်၍ အဆိုပါ ငါးဖမ်းသင်္ဘောသည် ငါးဖမ်းလုပ်ငန်းများကို ဆက်လက်မလုပ်ဆောင်နိုင်တော့ပါက ပင်လယ်ပြင်အဝေး ငါးဖမ်းလုပ်ငန်း လည်ပတ်လုပ်ဆောင်သူက ခန့်အပ်ထားသော နိုင်ငံခြားသား သင်္ဘောသား(များ)အား ၎င်း၏မူလနိုင်ငံသို့ ပြန်ပို့ရမည်။
II. ငါးဖမ်းလုပ်ငန်းများ အေဂျင်စီက ပင်လယ်ပြင်အဝေး ငါးဖမ်းလုပ်ငန်း လည်ပတ်လုပ်ဆောင်သူများသည် သက်ဆိုင်ရာ သဘောတူစာချုပ်များအတိုင်း လိုက်နာလုပ်ဆောင်ခြင်း ရှိမရှိကို သိရှိရန် စုံစမ်းစစ်ဆေးလိမ့်မည်။
1. ထိုင်ဝမ်နိုင်ငံ၏ ပင်လယ်ပြင်အဝေး ငါးဖမ်းသင်္ဘောများအတွက် အဓိကပြည်ပ ဆိပ်ကမ်းများတွင် ခန့်အပ်ထားသော အမှုထမ်းများက အဆိုပါဆိပ်ကမ်းသို့ ဝင်ရောက်လာသော သင်္ဘောပေါ်တွင်ပါရှိသည့် နိုင်ငံခြားသား သင်္ဘောသားများအား နှိပ်စက်ညှင်းပန်းထားခြင်း၊ သို့မဟုတ် မသင့်လျှော်သော လစာဖြတ်ခြင်းများရှိမရှိကို သိရှိရန် သက်ဆိုင်ရာ စုံစမ်းမှုများ ပြုလုပ်လိမ့်မည်။
2. ကျွန်ုပ်တို့ နိုင်ငံအလံပါရှိသော ငါးဖမ်းသင်္ဘောများကို နိုင်ငံပိုင်နက်ပြင်ပ သမုဒ္ဒရာရေပြင်တွင် စုံစမ်းစစ်ဆေးမှု တက်ရောက်ပြုလုပ်သည့်အခါ နိုင်ငံခြားသား သင်္ဘောသားများအား နှိပ်စက်ညှင်းပန်းထားခြင်း၊ သို့မဟုတ် မသင့်လျှော်သော လစာဖြတ်ခြင်းများရှိမရှိကို သိရှိရန် သက်ဆိုင်ရာ စုံစမ်းမှုများ ပြုလုပ်လိမ့်မည်။
3. ဆိုက်ရောက်လာသော သို့မဟုတ် ကုန်အကူးပြောင်းလုပ်သည့် သင်္ဘောများကို စုံစမ်းစစ်ဆေးရန်အတွက် အမှုထမ်းများကို ပြည်တွင်း သို့မဟုတ် ပြည်ပဆိပ်ကမ်းများသို့ ကျပန်းနည်းဖြင့် ပို့လွှတ်ထားပြီး နိုင်ငံခြားသား သင်္ဘောသားများအား နှိပ်စက်ညှင်းပန်းထားခြင်း၊ သို့မဟုတ် မသင့်လျှော်သော လစာဖြတ်ခြင်းများရှိမရှိကို သိရှိရန် သက်ဆိုင်ရာ စုံစမ်းမှုများ ပြုလုပ်လိမ့်မည်။
III. တိုင်တန်းမှု လုပ်ငန်းစဉ် နှင့် အငြင်းပွားမှုကို ဖြေရှင်းပေးခြင်း-
1. မည်သည့် နိုင်ငံခြားသား သင်္ဘောသားမဆို တိုင်တန်းလိုပါက ၂၄ နာရီ အကြံပေးဆွေးနွေးခြင်း နှင့် အကာအကွယ်ပေးမှု အရေးပေါ်လိုင်း 1955 သို့ခေါ်ဆိုနိုင်သည်။ (နိုင်ငံခြားမှ ခေါ်ဆိုပါက +886-2-8073-3143 ကိုနှိပ်ပါ)။
2. တိုင်တန်းမှုများကို ထိုင်ဝမ်နိုင်ငံအစိုးရက ပို့လွှတ်ထားသော လေ့လာစောင့်ကြည့်သူများမှ တဆင့်၊ သို့မဟုတ် နိုင်ငံခြားတွင် ရုံးထိုင်သော ဝန်ထမ်းများမှတဆင့် ကျွန်ုပ်တို့၏ နိုင်ငံခြားရှိ သံရုံးများနှင့် မစ်ရှင်အဖွဲ့များသို့လည်း တိုင်ကြားနိုင်ပါသည်။
- ဤဆောင်းပါးကို တဂ်ထားသည်။:
- ဤကဏ္ဍတွင် ယခင်ဆောင်းပါး:ထိုင်ဝမ် - အမေရိကန်ပြည်ထောင်စု ငါးဖမ်းလုပ်ငန်းများ နှင့် လူ့အခွင့်အရေး တိုးတက်ရေးမဟာဗျူဟာအတွက် နှစ်နိုင်ငံဖလှယ်မှု ပင်လယ်ပြင်ရေလုပ်သားရေးရာ ဆွေးနွေးပွဲ
- အရင်:ထိုင်ဝမ် - အမေရိကန်ပြည်ထောင်စု ငါးဖမ်းလုပ်ငန်းများ နှင့် လူ့အခွင့်အရေး တိုးတက်ရေးမဟာဗျူဟာအတွက် နှစ်နိုင်ငံဖလှယ်မှု ပင်လယ်ပြင်ရေလုပ်သားရေးရာ ဆွေးနွေးပွဲ