ယဉ်ကျေးမှုဖလှယ်ရေးနှင့် အလုပ်သမားအခွင့်အရေး ပြပွဲအစီအစဉ်သို့ နိုင်ငံခြားငါးဖမ်းလုပ်သားများ တက်ရောက်ခြင်း
Post Update by တည်းဖြတ်ပါ။ on 2022-03-01 16:07:45
 ငါးဖမ်းသင်္ဘောပေါ်တွင် နေထိုင်နေကြရသော နိုင်ငံခြားငါးဖမ်းလုပ်သားများ၏ ယဉ်ကျေးမှုကို ပိုမိုသိရှိနိုင်စေရန်၊ ၎င်းကို နိုင်ငံခြားတွင် မြန်မြန်နေသားကျစေရန်နှင့် ငါးဖမ်းလုပ်သားများ၏ ဖူလုံရေးနှင့် အခွင့်အရေးအပေါ် ပိုမိုသိရှိနိုင်စေရန် ရည်ရွယ်၍ ထိုင်ဝမ်ငါးလုပ်ငန်းဦးစီးဌာန၊ ထိုင်ဝမ်ကျီးလုံမြို့အစိုးရနှင့် ကျီးလုံငါးလုပ်ငန်းအသင်းတို့သည် 2019 ခုနှစ် နိုဝင်ဘာလ 10 ရက်နေ့တွင် ကျီးလုံပါးတုတ်ကျီငါးဖမ်းဆိပ်ကမ်းတွင် ပြပွဲ ပြုလုပ်ခဲ့သည်။ ငါးလုပ်ငန်းဦးစီးဌာနနှင့် အခမ်းအနားကျင်းပသော အဖွဲ့သည် နိုင်ငံခြားငါးဖမ်းလုပ်သားများအတွက် သက်ဆိုင်ရာ အစီအစဉ်နှင့် ဖျော်ဖြေရေးအစီအစဉ်များကို စီစဉ်ပေးထားပြီး ၎င်းတို့၏ မိခင်နိုင်ငံမှ အစားအစာများကိုလည်း စီစဉ်ပေးထားခြင်းဖြင့် တက်ရောက်လာသူများကို တစ်နေကုန် စိတ်အပန်းဖြေမှုနှင့် မတူသည့်ယဉ်ကျေးမှု ထိတွေ့ခွင့် ရရှိစေသည်။
 
 ငါးလုပ်ငန်းဦးစီးဌာနက နိုင်ငံခြားငါးဖမ်းလုပ်သားများသည် ဘာသာစကားနှင့် ဥပဒေဆိုင်ရာအသိပညာ ချို့ယွမ်းမှုကြောင့် မိမိ၏ အခွင့်အရေးကို ကောင်းစွာ မသိရှိကြပါ။ ထို့ကြောင့် ဤတစ်ကြိမ်ပြုလုပ်သည့် ပြပွဲ၏ အဓိကရည်ရွယ်ချက်မှာ  နိုင်ငံခြားငါးဖမ်းလုပ်သားများနှင့် ထိတွေ့ခွင့် ပိုမိုရရှိစေရန် ရည်ရွယ်သည့်အပြင် ၎င်းတို့အား မိမိ၏ အခွင့်အရေးခံစားခွင့်ကို ပိုမိုသိရှိစေရန် ပြုလုပ်ခြင်း ဖြစ်သည်။ ပြပွဲအစတွင် မွတ်စလင်ဘာသာပုဂ္ဂိုလ်များက ဦးဆောင်၍ နိုင်ငံခြားငါးဖမ်းလုပ်သားများအတွက် ဆုတောင်းမေတ္တာ ပို့ပြီးသည်နှင့် တစ်ရစပ်သော ဖျော်ဖြေရေးအစီအစဉ်များဖြင့် တင်ဆက်ခဲ့သည်။
 
 ငါးလုပ်ငန်းဦးစီးဌာန၏ ယာယီညွှန်ကြားရေးမှူး မစ္စတာချန်ကျိစိန့်လည်း ဆုတောင်းပွဲသို့ တက်ရောက်ခဲ့ပြီး ငါးဖမ်းလုပ်သားများ၏ မိခင်နိုင်ငံက ရိုးရာစာများကို စားပြီး တက်ရောက်လာသူများနှင့် ဖလှယ်ရေး လုပ်ခဲ့သည်။ နိုင်ငံခြားငါးဖမ်းလုပ်သားများက လှေပေါ်တွင် နိုင်ငံကူးလက်မှတ်ကဲ့သို့ အရေးကြီးသည့်ပစ္စည်းများ ထားရန် နေရာမရှိသဖြင့် ကုန်းပေါ်တွင် ဤပစ္စည်းများထားရန် နေရာ ရချင်ကြောင်း ပြောဆိုသွားသည်။ ယာယီညွှန်ကြားရေးမှူးချန်ကလည်း သင့်လျှော်သည့်နေရာ သေချာရှိပြီဆိုသည်နှင့် ကျီးလုံငါးလုပ်ငန်းအသင်းကို သက်ဆိုင်ရာ ဂိုထောင် သို့မဟုတ် ပစ္စည်းထားရာများ ပြုလုပ်ရန် တောင်းဆိုမည်ဟု ကတိပေးခဲ့သည်။
 
 ငါးလုပ်ငန်းဦးစီးဌာနက ဤပြပွဲမှတဆင့် အစိုးရဌာနများက အလုပ်သမားအခွင့်အရေးတိုးမြှင့်ခြင်းနှင့် အဏ္ဏဝါပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာများနှင့် ထိတွေ့ခွင့် ရရှိပြီး နိုင်ငံခြားငါးဖမ်းလုပ်သားများက ထိုင်ဝမ်တရားဥပဒေနှင့် ထိုင်ဝမ်၏ ရေရှည်တည်တံ့သော ရေနေသတ္တဝါ အရင်းအမြစ် အသုံးပြုပုံကို ပိုမိုသိရှိနိင်စေမည်ဟု ပြောကြားသွားသည်။ အစိုးရပေါ်လစီများကို ကြေညာသည့်အပြင် အခမဲ့ဆေးပြခြင်းနှင့် ဆံပင်ညှပ်ခြင်းဝန်ဆောင်မှုကိုလည်း လုပ်ဆောင်ပေးခဲ့သည်။ နိုင်ငံခြားငါးဖမ်းလုပ်သားများ၏ ပေးဆပ်မှုကို ကျေးဇူးတင်သည့်အနေဖြင့် အခမ်းအနားတက်ရောက်သူများကို ငါးလုပ်ငန်းဦးစီးဌာနက လက်ဆောင်အိတ်များ ပေးအပ်ခဲ့သည်။
 
ငါးလုပ်ငန်းဦးစီးဌာနက နိုင်ငံခြားငါးဖမ်းလုပ်သားများသည် ထိုင်ဝမ်၏ ငါးဖမ်းလုပ်ငန်းတွင် အရေးကြီးသည့်ကဏ္ဍတွင် ပါဝင်ကြောင်း ဤအရေးကြီးသည့် လုပ်ဖော်ကိုင်ဖက်များကို စောင့်ရှောက်ပေးရမည်မှာလည်း အလွန်အရေးကြီးကြောင်း ပြောဆိုသည်။ အစိုးရမှ သက်ဆိုင်ရာ ဥပဒေနှင့် အပြင်အဆင်များကို အဆက်မပြတ် သုံးသပ်ပြီး အလုပ်သမား၏ အခွင့်အရေးကို အာမခံပေးမည့်အပြင် နိုင်ငံခြားငါးဖမ်းလုပ်သားများ၏ အလုပ်နှင့်နေထိုင်ရာ အခြေအနေများကို ပိုမိုကောင်းမွန်အောင် ကြိုးစားလုပ်ဆောင်သွားမည်ဟု ဆိုသည်။
  • ဤဆောင်းပါးကို တဂ်ထားသည်။: