ငါးလုပ်ငန်းဦးစီးဌာနသည် နှစ်ကုန်စားပွဲ ပြုုလုပ်ပြီး နိုင်ငံခြားငါးဖမ်းလုပ်သားများကို စောင့်ရှောက်သည်။
Post Update by တည်းဖြတ်ပါ။ on 2021-12-09 16:44:43
နိုင်ငံခြားငါးဖမ်းလုပ်သားများ၏ ထိုင်ဝမ်ငါးဖမ်းလုပ်ငန်းအပေါ် ပေးဆပ်မှုကို ကျေးဇူးတင်သည့်အနေဖြင့် ငါးလုပ်ငန်းဦးစီးဌာနမှ ဒီဇင်ဘာလ 21 ရက်နေ့တွင် နှစ်ဆုံးပိုင်းခရစ်စမတ်ပွဲတော်နှင့် ဆောင်းယဉ်စွန်းပွဲတော်တို့ကို ငါးဖမ်းအသင်းနှင့် ပူးပေါင်း၍ ထိုင်ဝမ်အရှေ့မြောက်ပိုင်းရှိ စူးအောက်တွင် နှစ်ကုန်စားပွဲအဖြစ် ပြုလုပ်ခဲ့သည်။
 
အခမ်းအနားတွင် အမျိုးသမီးအကအဖွဲ့က မြူးကြွသော သီချင်းနှင့်အကများဖြင့် ဖျော်ဖြေခဲ့သည်။ အစီအစဉ်တင်ဆက်သူ စိုက်ပျိုးရေးကော်မတီဥက္ကဋ္ဌ ချန်ကြည်ကျုံးက နိုင်ငံခြားငါးဖမ်းလုပ်သားများသည် ထိုင်ဝမ်ငါးဖမ်းသင်္ဘောတွင် ခက်ခဲသည့်အလုပ်လုပ်ကိုင်နေကြရပြီး အရေးကြီးသည့်ကဏ္ဍတွင် ပါဝင်ထမ်းဆောင်နေကြကြောင်း၊ အားလုံးက “မိသားစုဝင်ကဲ့သို့” ဖြစ်နေပြီဖြစ်၍ တံငါရွာသားများ၏ လှိုက်လှဲစွာ ကြိုဆိုမှုကို ခံယူခွင့် အပြည့်အဝရှိကြောင်း ပြောကြားသည်။ အေးဆိမ့်ဆိမ့်ဆောင်းမိုးရွာနေသော်လည်း နိုင်ငံခြားသင်္ဘောသား 400 ကျော်တို့က ပွဲကျင်းပရာသို့ ရောက်ရှိလာပြီး ပွဲနှင်းသဘင်တင်ဆက်မှုနှင့် နွေးထွေးသောကြိုဆိုမှုတို့ကို ခံစားခဲ့သည်။ ငါးလုပ်ငန်းဦးစီးဌာန၏ ကိုယ်စားဝန်ကြီးချုပ် ကျန်းကျိစိန့်၏ ဦးဆောင်မှုအောက်တွင် ထိုင်ဝမ်နိုင်ငံသားများကလည်း “မရှိမဖြစ် အရေးကြီးသည့် နိုင်ငံခြားသားမိတ်ဆွေ” များကို စားကောင်းသောက်ဖွယ်များ ချက်၍ ဧည့်ခံကျွေးမွေးခဲ့သည်။ စားသည့်အစားများတွင် ထိုင်ဝမ်၏ ရိုးရာပွဲတော် ဆောင်းယာဉ်စွန်းချိန်တွင် မစားမဖြစ် အစားအစာတစ်ခုဖြစ်သည့် ပူနွေးနွေးကောက်ညှင်းထုပ်အပြင် အခြားစားကောင်းသောက်ဖွယ် များစွာ ရှိပါသေးသည်။ Covid-19 ကူးစက်ရောဂါ ပြင်းထန်သည့်ကာလဖြစ်သော်လည်း ပွဲနှင်းသဘင်အခမ်းအနား၏ ပျော်ရွှင်မှုကို နည်းနည်းလေးမှ မလျှော့စေသည့်အပြင် မိခင်နိုင်ငံ၏ အစားကို တမ်းတသည့် နိုင်ငံခြားငါးဖမ်းလုပ်သားများအတွက်လည်း အရှေ့တောင်အာရှနိုင်ငံများ၏ အစားအစာများ စီစဉ်ပေးထားသည်။
 
အခမ်းအနားတွင် ဥက္ကဋ္ဌ ချန်မှ လတ်တလောကြေငြာလိုက်သော သတင်းတစ်ရပ်ကြောင့် နိုင်ငံခြားသင်္ဘောသားများ၏ စိတ်ကို နွေးထွေးစေခဲ့သည်။
 
ကုန်းပေါ်နေအိမ် မရှိသည့် နိုင်ငံခြားငါးဖမ်းလုပ်သားများအတွက် ဆောက်လုပ်ထားသည့် ရေချိုးခန်းများကို ယခုချိန်မှစ၍ ရေနွေးသုံးကြေး ထပ်မကောက်တော့ပါ။ အရင်က သုံးမည်ဆိုပါက ပွိုင့်ကတ်သွင်းမှ သုံး၍ရသည်။ ဤသတင်းကို ကြားရသော အခမ်းအနားရှိနိုင်ငံခြားငါးဖမ်းလုပ်သားများက အေးချမ်းသော ဆောင်းရာသီတွင် ရေနွေးဖြင့် ရေချိုးနိုင်ပြီဖြစ်၍ အတိုင်းမသိ ပျော်ရွှင်သွားကြသည်။ ဤဝန်ဆောင်မှုသည် စူးအောက်တွင်သာ ရှိသည်မဟုတ် ထိုင်ဝမ်တစ်ဝှမ်းရှိ ဆိပ်ကမ်း 7 ခုဖြစ်သော ကျီးလုံပါးတုတ်ကျီ၊ ရှင်းပေဝမ့်လီ၊ ရှင်းပေစိန်းအောက်၊ ကောင်းရှုံချင်ကျိန့်၊ ဖျင်တုံးတုံးကန်၊ ဖုန်ဟူမာကုန်း၊ ထိုင်တုံးရှင်းကန် အစရှိသည့် ဆိပ်ကမ်းများတွင်လည်း သန့်စင်ခန်း 45 ခု ပြင်ဆင်ပေးထားပြီး လှေပေါ်တွင် နေထိုင်နေရသည့် နိုင်ငံခြားငါးဖမ်းလုပ်သားများကို အိမ်ကဲ့သို့သော နွေးထွေးမှု ခံစားနိုင်မည်။
 
ငါးလုပ်ငန်းဆိုင်ရာလူကြီးများအပြင် ဒေသခံအစိုးရနှင့် ထိုင်ဝမ်ဥပဒေပြုဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များလည်း ဤအခွင့်အရေးကို အသုံးပြု၍ နိုင်ငံခြားငါးဖမ်းလုပ်သားများထံ လူကိုယ်တိုင်လာ၍ ကျေးဇူးတင်စကားဆိုခဲ့သည်။
 
ငါးလုပ်ငန်းဦးစီးဌာနသည် သင်္ဘောပေါ်တွင် နေထိုင်သော နိုင်ငံခြားငါးဖမ်းလုပ်သားများ၏ အခြားလိုအပ်မှုများကို ဖြည့်ဆည်းပေးနိုင်ရန် ငါးဖမ်းဆိပ်ကမ်း၏ အပြင်အဆင်များကို ကောင်းသထက်ကောင်းအောင်ပြုပြင်သွားမည်။
 
ဆက်သွယ်သူ။  ။ လက်ထောက်ဌာနမှူး ဝမ်ကျိန့်ဖန်း
E-mail:chengfan@ms1.fa.gov.tw

  • ဤဆောင်းပါးကို တဂ်ထားသည်။: